..:: မင်္ဂလာပါ အားလုံးကိုနွေးထွေးစွာ ကြိုဆိုလျှက်ပါရှင့်::..

5/6/09

မချစ်ရမနေနိုင်သူတိုင်း အပြစ်ခပွေလှိုင်အပူဝိုင်း


တစ်စုံတစ်ယောက်ကိုချစ်ရင်
တစ်စုံတစ်ခုကိုကြိုက်ရင်
စိတ်ပူလောင်ရတယ်
စိတ်ပင်ပန်းရတယ်
စိတ်ဆင်းရဲရတယ်ဆိုတာကို
အလေးအနက်သဘောပေါက်ဖို့
အရေးကြီးပါတယ်။
သာမန်ချစ်ရုံ၊ သာမန်ကြိုက်ရုံဆိုရင်
ပူလောင်တဲ့သဘော
သိပ်မထင်ရှားပေမယ့်
လွန်လွန်ကဲကဲချစ်ပြီး
စွဲစွဲလမ်းလမ်းကြိုက်ပြီဆိုရင်တော့
ပူလောင်တဲ့သဘော
ထင်ရှားပါတယ်။
မထင်ရှားဘူးပဲထား……
တစ်စုံတစ်ယောက်ကိုချစ်လို့
အဲဒီတစ်စုံတစ်ယောက်ကို
အမြဲသတိရနေတာ
တစ်စုံတစ်ခုကိုကြိုက်လို့
အဲဒီတစ်စုံတစ်ခုကို
အမြဲသတိရနေတာကိုက
ကိုယ့်ဘက်ကရှုံးနေပါပြီ။
ကိုယ့်စိတ်ကို
အဲဒီတစ်စုံတစ်ခုဆီ
ပေးထားလိုက်ရပြီလေ။
ကိုယ့်စိတ်ကို
ကိုယ်မပိုင်တော့တာကိုက
ကြီးကျယ်သောဆုံးရှုံးခြင်း
ကြီးကျယ်သောဆင်းရဲခြင်းပါပဲ။

(အရှင်ဆန္ဒာဓိက)

0 comments: