..:: မင်္ဂလာပါ အားလုံးကိုနွေးထွေးစွာ ကြိုဆိုလျှက်ပါရှင့်::..

5/5/09

ရွှင်လန်းမှုကဘာမျှမရှိ ပင်ပန်းမှုကထာဝရအတိ

သက်ရှိကိုပဲချစ်ချစ်
သက်မဲ့ကိုပဲချစ်ချစ်
ချစ်စိတ်ထင်ရှားပြီဆိုတာနဲ့
တစ်ပြိုင်နက်
ပူလောင်မှုဆိုတာလည်း
ထင်ရှားလာတော့တာပါပဲ။
သတိမရှိလို့
မသိကြရင်သာပါ။
ပူလောင်ရုံနဲ့
ပြီးရောလားဆိုတော့
မပြီးသေးပြန်ပါဘူး။
ကိုယ်ချစ်တဲ့
သက်ရှိ၊ သက်မဲ့ကို
ပိုင်ဆိုင်ဖို့အတွက်
ပင်ပန်းဆင်းရဲမှုတွေနဲ့
ရင်းနှီးရပြန်ပါတယ်။
ပိုင်ဆိုင်ခံစားနေရတဲ့အချိန်မှာ
စိတ်ချမ်းသာတယ်လို့
ထင်ရပေမယ့်
ခံစားခွင့်ရတဲ့အချိန်ကလေးက
မပြောပလောက်တဲ့
မဖြစ်စလောက်လေးပါ။
ခံစားခွင့်ပျက်ပြယ်သွားတဲ့အချိန်
ပိုင်ဆိုင်ခွင့်ဆုံးရှုံးသွားတဲ့အချိန်မှာ
ရင်ဆိုင်ရတဲ့ပူလောင်မှုနဲ့
ပင်ပန်းဆင်းရဲမှုတွေကလည်း
ခံစားရတဲ့ချမ်းသာနဲ့
မကာမိလောက်အောင်
တနင့်တပိုးကြီးမားလွန်းလှပါသေးတယ်။

(အရှင်ဆန္ဒာဓိက)


0 comments: