..:: မင်္ဂလာပါ အားလုံးကိုနွေးထွေးစွာ ကြိုဆိုလျှက်ပါရှင့်::..

6/28/09

ဗုဒ္ဓရုပ်ပွားတော် ရက်လုပ်ပူဇော်ရန် နတ်များပါရမီဖြည့်ဟု ယုံကြည်နေ


သျှမ်းသံတော်ဆင့်

သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မဟာစည်တောရကျောင်းတွင် ၀ါးနှီးဖြင့်ဗုဒ္ဓရုပ်ပွားတော် ယက်လုပ်စဉ်က အံ့သြဖွယ်ရာဖြစ်ရပ်ဆန်းများ ကြုံတွေ့ခဲ့ရကြောင်း ပါဝင်သည့် ဒေသခံများက ဆိုသည်။

ဗုဒ္ဓရုပ်ပွားတော်ယက်လုပ်စဉ်တွင် နတ်တံတားဖြစ်ပေါ်လာခြင်း၊ အိပ်မက်အရကြိုသိပြီး ၀ါးလာလှူခြင်းများကို အံ့သြဖွယ်တွေ့ရှိခဲ့ရကြောင်း ဘုရားဂေါပကအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။


သျှမ်းပြည်အနှံ့နှင့်အခြားနေရာများ၌ နှီးဘုရားရုပ်ပွားတော် ယက်လုပ်ပူဇော်နေသည့် နမ့်ခမ်းမြို့နယ်မဟာစည်တောရ ကျောင်းမှ ဆရာတော်ဦးဝိမလဗုဒ်တိဦးစီး၍ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ယက်လုပ် ပူဇော်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်၏ အတွေ့အကြုံအရ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ရုပ်ပွားတော် ယက်လုပ်စဉ် ဘုရားရက်သည့် ရှေ့တည့်တည့်၌ ထူးဆန်းသည့် ရွေဝါရောင် တိမ်တိုက်များဖြစ်ထွန်း လာခဲ့ကြောင်း ဆိုသည်။

နမ့်ခမ်း မဟာစည်တောရကျောင်း၌ မေလ(ရ)ရက်နေ့တွင် ဂေါပကအဖွဲ့ဝင်များနှင့်မန့်မိုင် မန့်ဟွေ့ မန့်မွန်း ရပ်ရွာ လူကြီးများ ရုပ်ပွားတော်ရက်လုပ်မည့်ကိစ္စ တိုင်ပင် ဆွေးနွေးနေစဉ် လူငယ်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ကျောင်းတွင်းဝင်လာကာ ဂေါပကလူကြီးများကို အခုလိုမေးမြန်းခဲ့ကြောင်း ဂေါပကအသိုင်းအ၀ိုင်းက သူတစ်ဦးက ပြောသည်။

ကျောင်းထဲဝင်လာပြီး လူတွေကိုချက်ခြင်းမေးလိုက်တယ် ဘုရားယက်မယ်ဆို ဂေါပကတွေကလည်း ဟုတ်တယ်လို့ ချက်ခြင်းပြန်ဖြေလိုက်တယ် ဒါဆိုဝါးယူလာတယ် ဒါကသျှမ်းလိုဆို မိုက်မုန်းလို့ခေါ်တယ် ဒါနဲ့ဂေါပကတွေက
နင်တို့ ဘယ်လိုသိလဲ ဘုရားရက်မယ်ဆိုတာ အစီအစဉ် ဘယ်လိုရှိလည်းဆိုတာ ငါတို့တောင် မကြေငြာရ သေးဘူးအစည်းအဝေးတောင် အခုမှပြီးသွားတယ် ပြန်ပြောလိုက်တယ်” လို့ သူကပြောသည်။

“သူတို့က ကျနှော်တို့အမေကယူလာခိုင်းတာပါ အမေကအိပ်မက်မက်လို့ မနက်စောစောထပြီး ဟိုဘက်တောင် ကျောမှာ သွားခုတ်ပြီးယူလာခဲ့တာပါ ” လို့ ဆက်ပြောသည်။

မေလ(၁၅)ရက် ရုပ်ပွားတော်ယက်မည့် ၀ါးခုတ်ရန်အတွက် ရေချောင်းကိုဖြတ်ရန် တံတားထိုးရမည့် အခက်အခဲကြုံ တွေ့နေရစဉ် (၁၄)ရက်နေ့ညပိုင်းက မိုးကြီးလေကြီးများကျရောက်ခဲ့ကာ သစ်ပင်ကြီးနှစ်ပင်ကျိုးကျပြီး အလိုအလျောက် တံတားဖြစ်ပေါ်ခဲ့သဖြင့် သူတို့က နတ်များက ဘုရားရက်ရန်အတွက် ပါရမီဖြည့်နေကြကြောင်း ယုံကြည် နေကြသည်။

“ ဆရာတော် ဦးဝိမလဗုဒ်တိ ပြောတဲ့အတိုင်း သျှမ်းရွာတစ်ရွာဆို အပျိုတော် (ရ) ယောက် လူပျို (ရ) ယောက် လူ ကြီး ပန်းဒကာတွေနဲ့ အိုးစည်ဗုံမောင်းတွေနဲ့ ၀ါးသွားခုတ်ရမယ် နံနက်စောစော (၆) နာရီလောက် ၀ါးသွားခုတ်မဲ့ အဖွဲ့ ထော်လာဂျီတွေနဲ့ဝါးသွားခုတ်မဲ့နေရာကိုသွားလိုက်တယ် နမ့်ကမ်းချောင်းကိုရောက်တော့ တံတားခင်းရမယ်ဆိုပြီးစီစဉ်နေတုန်း တစ်ယောက်က အော်လာတယ် ငါတို့တံတားခင်းစရာမလိုတော့ဘူး သူ့အလိုလိုတံတားဖြစ်နေပြီဆိုတော့ အကုန်လုံးအံ့သြကြတယ် ” လို့ သူက ဆိုသည် ။

ယခုယက်လုပ်နေသည့် ဗုဒ္ဓရုပ်ပွားတော်သည် ယခုအပတ်အတွင်းအောင်မြင်စွာပြီးဆုံးသွားပြီ ဖြစ်ကြောင်းသိရသည် ။



6/6/09

မုံရွာ ဗောဓိတစ်ထောင်ဘုရား ဓါတ်လှေခါးပျက်ကျ ဆရာတော် အရှင်ဆန္ဒဓိကနှင့် ဆရာတော် ရဝေနွယ် (အင်းမ) တို့ အပါအ၀င် (၈) ဦး ထိခိုက်ဒဏ်ရာ ရ

မင်းနိုင်သူ
ခေတ်ပြိုင်

မုံရွာမြို့ရှိ ဗောဓိတထောင် ရပ်တော်မူရုပ်ပွားတော်ကြီးအတွင်းရှိ ဓာတ်လှေကား ယမန်နေ့ ညနေ (၆) နာရီခန့်တွင် ပျက်ကျခဲ့သဖြင့် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒဓိကနှင့် ဆရာတော် ရဝေနွယ် (အင်းမ) တို့ အပါအ၀င် (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

“အခု မန္တလေးဆေးရုံကြီးကို ပို့ထားပါတယ်။ ဆရာတော် ရဝေနွယ်က ခြေထောက်ကျိုးတယ်။ ဆရာတော် အရှင်ဆန္ဒဓိက ကတော့ ဒူးခေါင်းကွဲသွားတယ် ဆိုတာလောက်ပဲ သိရသေးတယ်။ သုံးထပ်လောက်ကနေ ပျက်ကျခဲ့တာပါ။ အသေအပျောက်တော့ မရှိပါဘူး” ဟု ဗောဓိတထောင်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ဆိုသည်။

ဓာတ်လှေကားပျက်ကျချိန်တွင် အတွင်း၌ ဆရာတော် (၂) ပါး၊ ဒကာ (၅) ဦးနှင့် လိုက်လံပြသသော ဗောဓိတထောင် ကျောင်းတိုက်မှ ဦးဇင်း (၁) ပါးတို့ ရှိနေခဲ့ကြကြောင်း၊ ယခုအခါ (၈) ဦးစလုံးကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်း သိရသည်။

“ဓာတ်လှေကားက လုပ်ငန်းသုံး ဓာတ်လှေကားလေ။ ၀င့်သဘောပဲ။ ပစ္စည်းအတင်အချလုပ်ဖို့ အဓိကထား လုပ်ထားတာဆိုတော့ လူတိုင်းကို ပေးမတက်ပါဘူး။ အခုဟာ ဦးခေါင်းတော်အထိ တက်ကြည့်ကြမယ်ဆိုပြီး တက်သွားကြတာ။ ဘယ်လိုဖြစ်လို့ ပျက်တယ်ဆိုတာတော့ သေချာစစ်ဆေးပြီးမှ သိရမယ်” ဟု ဗေဓိတထောင်ကျောင်းတိုက်မှ ဆရာတော်က မိန့်သည်။

ယင်း ရပ်တော်မူဘုရားကြီးတွင် လူစီးဓာတ်လှေကား တပ်ဆင်ထားခြင်းမရှိသေးဘဲ တက်ရောက်ဖူးမြော်လိုသူများ အနေဖြင့် ရိုးရိုးလှေကားဖြင့်သာ တက်ရောက်နိုင်ကြောင်း သိရသည်။
ဗောဓိတထောင်သာသနာ့နယ်မြေရှိ ရပ်တော်မူရုပ်ပွားတော်ကြီးကို ၁၉၉၅ ခုတွင် ဗောဓိတထောင်ဆရာတော် အရှင်နာရဒ ဦးစီးတည်ထားခဲ့ပြီး ဉာဏ်တော် (၄၂၄) ပေရှိရာ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူရုပ်ပွားတော်ကြီးဖြစ်သည်။

ရပ်တော်မူရုပ်ပွားတော်ကြီးအတွင်းတွင် အထပ်ပေါင်း (၃၂) ထပ်ရှိပြီး ဗုဒ္ဓ၀င် ဇာတ်နိပါတ်တော်များ၊ ရှေးဟောင်းဘုရားဆင်းတုတော်များကို စုဆောင်းပြသထားသည်။

5/31/09

ညီညွတ်ခြင်းအကြောင်း (၆) ပါး

5/12/09

မညီညွတ်ခြင်းအကြောင်း(၆)ပါး

5/6/09

ခွင်ရိုက်ဖန်ယူပြီးလှူရင် ခွင်ရိုက်ခံအပူမီးဆူမယ်


မတရားတဲ့နည်း၊
မသမာတဲ့နည်းနဲ့
ရထားတဲ့ပိုက်ဆံနဲ့
ရှင်တစ်ထောင်ပဲပြုပြု၊
ရှင်တစ်သိန်းပဲပြုပြု၊
ကျပ်ဆယ်သန်းပဲ လှူလှူ၊
ဒေါ်လာဆယ်သန်းပဲ လှူလှူ၊
အဲဒီကုသိုလ်ဟာ
သန့်စင်တဲ့ကုသိုလ်
မဖြစ်နိုင်ပါဘူး။
အဲဒီကုသိုလ်
အကျိုးပေးတဲ့ဘ၀မှာ
ကိုယ်လည်း
သူတစ်ပါးရဲ့
အကြံအဖန်လုပ်တာခံရ၊
ရိုက်စားလုပ်တာခံရနဲ့
အကြီးအကျယ်
စိတ်ဆင်းရဲရမှာပါ။
ခွင်ရိုက်ပစ္စည်းနဲ့
လှူတဲ့ဒါန
အကျိုးပေးတဲ့ဘ၀မှာ
ခွင်ရိုက်ခံရတဲ့ ဒုက္ခတွေကို
အကြိမ်ကြိမ် ခံစားရမှာ
မလွဲပါဘူး။
ကိုယ့်ကို သူတစ်ပါးက
ခေါင်းပုံဖြတ်တာ မခံချင်ရင်
သူတစ်ပါးကိုလည်း
ကိုယ်က ခေါင်းပုံမဖြတ်မိဖို့
အထူးဂရုပြုရပါမယ်။

(အရှင်ဆန္ဒာဓိက)



အဆိုးလုပ်ခိုက်လူဆိုး အလုပ်ကောင်းလုပ်ခိုက်လူကောင်း


ပုထုဇဉ်နယ်ပယ်မှာ
' ဒီလူကတော့ လူမိုက်ပဲ '
' ဒီလူကတော့ ပညာရှိပဲ '
လို့ အချိန်ပြည့် ပြောလို့ရတဲ့
လုံးဝလူမိုက်၊
လုံးဝ ပညာရှိ ဆိုတာ
တစ်ယောက်မျှမရှိပါဘူး။
လူမိုက်အလုပ် လုပ်တဲ့အခိုက်၊
လူမိုက်အပြော ပြောတဲ့အခိုက်၊
လူမိုက်အတွေးတွေးတဲ့အခိုက်……….
အဲဒီလူကို
တခြားအချိန်တွေမှာ
ဘယ်လောက်ကောင်းကောင်း
လူမိုက်လို့ပဲခေါ်ပါတယ်။
ပညာရှိအလုပ် လုပ်တဲ့အခိုက်၊
ပညာရှိအပြော ပြောတဲ့အခိုက်၊
ပညာရှိအတွေး တွေးတဲ့အခိုက်………….
အဲဒီလူကို
တခြားအချိန်တွေမှာ
ဘယ်လောက်ဆိုးဆိုး
ပညာရှိလို့ပဲခေါ်ပါတယ်။

(အရှင်ဆန္ဒာဓိက)


မချစ်ရမနေနိုင်သူတိုင်း အပြစ်ခပွေလှိုင်အပူဝိုင်း


တစ်စုံတစ်ယောက်ကိုချစ်ရင်
တစ်စုံတစ်ခုကိုကြိုက်ရင်
စိတ်ပူလောင်ရတယ်
စိတ်ပင်ပန်းရတယ်
စိတ်ဆင်းရဲရတယ်ဆိုတာကို
အလေးအနက်သဘောပေါက်ဖို့
အရေးကြီးပါတယ်။
သာမန်ချစ်ရုံ၊ သာမန်ကြိုက်ရုံဆိုရင်
ပူလောင်တဲ့သဘော
သိပ်မထင်ရှားပေမယ့်
လွန်လွန်ကဲကဲချစ်ပြီး
စွဲစွဲလမ်းလမ်းကြိုက်ပြီဆိုရင်တော့
ပူလောင်တဲ့သဘော
ထင်ရှားပါတယ်။
မထင်ရှားဘူးပဲထား……
တစ်စုံတစ်ယောက်ကိုချစ်လို့
အဲဒီတစ်စုံတစ်ယောက်ကို
အမြဲသတိရနေတာ
တစ်စုံတစ်ခုကိုကြိုက်လို့
အဲဒီတစ်စုံတစ်ခုကို
အမြဲသတိရနေတာကိုက
ကိုယ့်ဘက်ကရှုံးနေပါပြီ။
ကိုယ့်စိတ်ကို
အဲဒီတစ်စုံတစ်ခုဆီ
ပေးထားလိုက်ရပြီလေ။
ကိုယ့်စိတ်ကို
ကိုယ်မပိုင်တော့တာကိုက
ကြီးကျယ်သောဆုံးရှုံးခြင်း
ကြီးကျယ်သောဆင်းရဲခြင်းပါပဲ။

(အရှင်ဆန္ဒာဓိက)

သတိသာမူမှားရင် အထိနာအပူပွားမယ်


ကိုယ်ချစ်တဲ့သူကိုသတိရတယ်၊
ချစ်တဲ့အချင်းအရာအားဖြင့်
သတိရတယ်။
လွမ်းတဲ့အခြင်းအရာအားဖြင့်
သတိရတယ်၊
ချစ်တာက တဏှာ၊
လွမ်းတာကဒေါသ၊
ချစ်တဏှာနောက်မှာ
လွမ်းဒေါသက
ကပ်ပါလာတော့တာပါပဲ။
ချစ်တဏှာနဲ့ သတိရတော့
တဏှာရဲ့
ထောင်းထှုမှုဒဏ်ကြောင့်
ကိုယ့်စိတ် ပိပြားကြေမွသွားတယ်။
လွမ်းဒေါသနဲ့ သတိရတော့
ဒေါသရဲ့
ထောင်းထှုမှုဒဏ်ကြောင့်
ကိုယ့်စိတ် ပိပြားကြေမွသွားတယ်။
' သတိမှားရင် ပိပြားသွားမယ် '
လို့ပဲပြောရမှာပေါ့။
ကိလေသာနဲ့
သတိရနေတာဟာ
ကိုယ့်စိတ် ပိပြားကြေမွနေတာပါပဲ။

(အရှင်ဆန္ဒာဓိက)



5/5/09

လူ့အဆင့်အတန်းကို တိုင်းတာတဲ့ ပေတံဟာ ဓမ္မပေတံပါပဲ


လောကသတ်မှတ်ချက်အရ
နိမ့်တဲ့အခြေအနေ
မြင့်တဲ့အခြေအနေ
ဘယ်အခြေအနေမျိုးမှာပဲရှိရှိ
တရားဓမ္မနဲ့ညီတဲ့
အပြုအမူကို
ပြုတဲ့သူ
တရားဓမ္မနဲ့ညီတဲ့
အပြောအဆိုကို
ပြောတဲ့သူ
တရားဓမ္မနဲ့ညီတဲ့
အတွေးအကြံကို
တွေးတဲ့သူဟာ
အဆင့်အတန်းရှိတဲ့လူပါပဲ။
လောကအဆင့်အတန်းမြင့်ပေမယ့်
ဓမ္မအဆင့်အတန်းနိမ့်ရင်
အဆင့်အတန်းမရှိတဲ့လူ
လောကအဆင့်အတန်းနိမ့်ပေမယ့်
ဓမ္မအဆင့်အတန်းမြင့်ရင်
အဆင့်အတန်းရှိတဲ့လူလို့
ခေါ်နိုင်ပါတယ်။

(အရှင်ဆန္ဒာဓိက)


ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ပုံတော်

နိုင်ငံရပ်ခြားရောက်ရှိနေသော မိတ်ဆွေများ အလွယ်တကူ ဖူးမျှော်ရအောင် မျှဝေပေးပါသည်။

အချစ်လျှော့အစွဲလန်းမကိန်းရင် အပြစ်ပေါ့အမြဲတမ်းငြိမ်းမယ်

လုံးဝမချစ်ဘဲမနေနိုင်လို့
ချစ်တယ်ပဲထား။
ချစ်စရာမှန်သမျှ
သာယာခွင့်နည်းနည်း
ပူလောင်ခွင့်များများဆိုတာကို
နှလုံးသွင်းပြီး
အချစ်လျှော့သွားမယ်ဆိုရင်
ဘယ်သက်ရှိ
ဘယ်သက်မဲ့ကိုမှ
စွဲစွဲလမ်းလမ်း ချစ်မိတော့မှာ
မဟုတ်ပါဘူး။
ပုထုဇဉ်နယ်ပယ်မှာတော့………..
ဘယ်သက်ရှိ၊ ဘယ်သက်မဲ့ကိုမှ
စွဲစွဲလမ်းလမ်း တမ်းတမ်းတတ
မဖြစ်ဘူးဆိုရင်ကိုပဲ
မချစ်တတ်တဲ့သူလို့ခေါ်နိုင်ပါတယ်။
လုံးဝမချစ်တတ်တဲ့သူမဖြစ်တောင်
စွဲစွဲလမ်းလမ်းမချစ်တတ်တဲ့သူ ဖြစ်ရင်ကိုပဲ
စိတ်အပူတွေ ဘ၀အမောတွေ
သက်သာပြီး
အတော်လေး စိတ်အေးချမ်းနေပါပြီ။


(အရှင်ဆန္ဒာဓိက)
မကိန်း=>ရင်ထဲမှာကိန်းအောင်းမနေ

ရွှင်လန်းမှုကဘာမျှမရှိ ပင်ပန်းမှုကထာဝရအတိ

သက်ရှိကိုပဲချစ်ချစ်
သက်မဲ့ကိုပဲချစ်ချစ်
ချစ်စိတ်ထင်ရှားပြီဆိုတာနဲ့
တစ်ပြိုင်နက်
ပူလောင်မှုဆိုတာလည်း
ထင်ရှားလာတော့တာပါပဲ။
သတိမရှိလို့
မသိကြရင်သာပါ။
ပူလောင်ရုံနဲ့
ပြီးရောလားဆိုတော့
မပြီးသေးပြန်ပါဘူး။
ကိုယ်ချစ်တဲ့
သက်ရှိ၊ သက်မဲ့ကို
ပိုင်ဆိုင်ဖို့အတွက်
ပင်ပန်းဆင်းရဲမှုတွေနဲ့
ရင်းနှီးရပြန်ပါတယ်။
ပိုင်ဆိုင်ခံစားနေရတဲ့အချိန်မှာ
စိတ်ချမ်းသာတယ်လို့
ထင်ရပေမယ့်
ခံစားခွင့်ရတဲ့အချိန်ကလေးက
မပြောပလောက်တဲ့
မဖြစ်စလောက်လေးပါ။
ခံစားခွင့်ပျက်ပြယ်သွားတဲ့အချိန်
ပိုင်ဆိုင်ခွင့်ဆုံးရှုံးသွားတဲ့အချိန်မှာ
ရင်ဆိုင်ရတဲ့ပူလောင်မှုနဲ့
ပင်ပန်းဆင်းရဲမှုတွေကလည်း
ခံစားရတဲ့ချမ်းသာနဲ့
မကာမိလောက်အောင်
တနင့်တပိုးကြီးမားလွန်းလှပါသေးတယ်။

(အရှင်ဆန္ဒာဓိက)


5/4/09

ကိုယ့်လမ်းကိုယ်ရှင်း အပူကင်း

သံသရာခရီးသည် တစ်ဦးသည် အမြင်ပီပြင်၍ ခံယူချက် ကြည်လင်မှ
ကိုယ့်လမ်းကိုယ်ရှင်း၍ ကိုယ့်ခရီးကိုယ်လျှောက်တတ်ပေမည်၊
ဘာသာတရား ကိုးကွယ်ခြင်းသည် "မည်သည့်ဘာသာဝင်" ဟု
အမည်ခံရုံသက်သက် မဟုတ်၊
ကိုယ့်လမ်း ကိုယ်ရှင်းတတ်ဖို့သာ ဘာသာတရားကိုးကွယ်မှု၏ အနှစ်သာရဖြစ်သည်။

အချိန်နှင့်အရွယ်

အချိန် နဲ့ အရွယ်ဟာ စကားအနေနဲ့သာ ခွဲပြောရပေမယ့်
သဘောအားဖြင့်တော့ အတူတူပါပဲ၊
အပြင်ကကြည့်ရင် အချိန်၊
အတွင်းကနေကြည့်ရင် အရွယ် လို့ ခွဲပြီးခေါ်နေတာပါ၊
အရွယ်ကိုအချိန်နဲ့ တိုင်းတာပေးနေတာပါ။။

5/3/09

စိတ်နဲ့အာရုံ

စိတ်ဆိုတာ စိတ်ထိန်းကိရိယာ သတိ-နဲ့ မအုပ်နိုင် မထိန်းနိုင်ရင်
အာရုံနဲ့တွေ့တိုင်း ကိလေသာမီး ထတောက်ပြီး ပူနေ-ရှုပ်နေရတာက များပါတယ်၊
စိတ်က အာရုံကို မနိုင်ဘဲ အာရုံက စိတ်ကို အနိုင်ယူနေတတ်ပါတယ်။

နမူနာလေးမြည်းကြည့်ပါ

လူဖြစ်ရကျိုး နပ်အောင်

လူမှန်ရင်တွေ့သမျှ အဆင်ပြေအောင် ငြိမ်းချမ်းစွာ အမြင်ရှင်းရှင်းနဲ့လည်းနေတတ်ရမယ်၊
အနာဂတ်အတွက် သေချာအောင်လည်းကြိုတင်ပြင်ဆင်ထားတတ်ရမယ်၊
ဒါမှ လူဖြစ်ကျိုးနပ်မယ်၊
ဘာမဆို ယောနိသောမနသိကာရနဲ့ အကောင်းဖက်က မြင်အောင် ကြည့်နိုင်ရင် အမြတ်တွေချည်းပါပဲ။

တရားပွဲ သတင်း



ဘလောက်အကြောင်း တစ်စေ့တစ်စောင်း

စမ်းသပ်နေသော၊ ပြုလုပ်နေသော.......

ဘလောက်တခု ဖြစ်ပါတယ်။

ဒီဘလောက်ပြီးသွားရင်

ခင်ရတဲ့ အမ တစ်ယောက်ကို

လက်ဆောင်းပေးမလို့ပါဗျာ။

သူ ကတော့ ဆရာတော်ဘုရားများ ဘုန်းဘုန်းတို့ ရဲ့ တရားဓမ္မ များကို မျှဝေးပေးမှာပါ။

အလုံး ပျော်ရွှင်စိတ်ချမ်းမြေ စရာတွေ ရရှိနိုင်မှာပါ။

အဆင်ပြေပါစေ လို့ ပြောရင်း သာဓု ခေါ်ပါတယ်ခင်ဗျာ။