..:: မင်္ဂလာပါ အားလုံးကိုနွေးထွေးစွာ ကြိုဆိုလျှက်ပါရှင့်::..

5/6/09

ခွင်ရိုက်ဖန်ယူပြီးလှူရင် ခွင်ရိုက်ခံအပူမီးဆူမယ်


မတရားတဲ့နည်း၊
မသမာတဲ့နည်းနဲ့
ရထားတဲ့ပိုက်ဆံနဲ့
ရှင်တစ်ထောင်ပဲပြုပြု၊
ရှင်တစ်သိန်းပဲပြုပြု၊
ကျပ်ဆယ်သန်းပဲ လှူလှူ၊
ဒေါ်လာဆယ်သန်းပဲ လှူလှူ၊
အဲဒီကုသိုလ်ဟာ
သန့်စင်တဲ့ကုသိုလ်
မဖြစ်နိုင်ပါဘူး။
အဲဒီကုသိုလ်
အကျိုးပေးတဲ့ဘ၀မှာ
ကိုယ်လည်း
သူတစ်ပါးရဲ့
အကြံအဖန်လုပ်တာခံရ၊
ရိုက်စားလုပ်တာခံရနဲ့
အကြီးအကျယ်
စိတ်ဆင်းရဲရမှာပါ။
ခွင်ရိုက်ပစ္စည်းနဲ့
လှူတဲ့ဒါန
အကျိုးပေးတဲ့ဘ၀မှာ
ခွင်ရိုက်ခံရတဲ့ ဒုက္ခတွေကို
အကြိမ်ကြိမ် ခံစားရမှာ
မလွဲပါဘူး။
ကိုယ့်ကို သူတစ်ပါးက
ခေါင်းပုံဖြတ်တာ မခံချင်ရင်
သူတစ်ပါးကိုလည်း
ကိုယ်က ခေါင်းပုံမဖြတ်မိဖို့
အထူးဂရုပြုရပါမယ်။

(အရှင်ဆန္ဒာဓိက)



1 comments:

MoeThwayNge said...

အော် တော်လိုက်တာနော်..။ သူများသားသမီးတွေ ရေးနိုင်ပါ့။ရိုက်နိုင်ပါ့ ဗျာ
အားပေးနေပါတယ် အိပ်ရေးပျက်ခံ ပြီးတော့..။
ခင်တဲ့
အားလုံးကို ပျော်စေချင်သူ