..:: မင်္ဂလာပါ အားလုံးကိုနွေးထွေးစွာ ကြိုဆိုလျှက်ပါရှင့်::..

5/6/09

သတိသာမူမှားရင် အထိနာအပူပွားမယ်


ကိုယ်ချစ်တဲ့သူကိုသတိရတယ်၊
ချစ်တဲ့အချင်းအရာအားဖြင့်
သတိရတယ်။
လွမ်းတဲ့အခြင်းအရာအားဖြင့်
သတိရတယ်၊
ချစ်တာက တဏှာ၊
လွမ်းတာကဒေါသ၊
ချစ်တဏှာနောက်မှာ
လွမ်းဒေါသက
ကပ်ပါလာတော့တာပါပဲ။
ချစ်တဏှာနဲ့ သတိရတော့
တဏှာရဲ့
ထောင်းထှုမှုဒဏ်ကြောင့်
ကိုယ့်စိတ် ပိပြားကြေမွသွားတယ်။
လွမ်းဒေါသနဲ့ သတိရတော့
ဒေါသရဲ့
ထောင်းထှုမှုဒဏ်ကြောင့်
ကိုယ့်စိတ် ပိပြားကြေမွသွားတယ်။
' သတိမှားရင် ပိပြားသွားမယ် '
လို့ပဲပြောရမှာပေါ့။
ကိလေသာနဲ့
သတိရနေတာဟာ
ကိုယ့်စိတ် ပိပြားကြေမွနေတာပါပဲ။

(အရှင်ဆန္ဒာဓိက)



0 comments: